ကလေးထိန်းပေးမည့် သူ မ ရှိ ၍ ကိုယ်တိုင်ကျောပိုးပြီး ဘိလပ်မြေအိတ် များ ထမ်း ခဲ့သော ဖခင်တစ်ဦး

Posted on

ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျပြီးနောက် သားလေးတစ်ယောက်ရှိခဲ့ရာ ကံဆိုးစွာဖြင့် ဇနီးဖြစ်သူမှာ ဆုံးပါးသွားပြီး သူတို့သားအဖနှစ်ယောက်အား ထားရစ်ခဲ့သည်။

သားလေးမှာ အရမ်းငယ်သေးပြီး နို့ဗူးတိုက်နေရဆဲဖြစ်ကာ ဖခင်ဖြစ်သူကလည်း စားဝတ်နေရေးအတွက် အလုပ်လုပ်ရမှာဖြစ်ပြီး အိမ်တွင်လည်း ကလေးထိန်းပေးမည့်သူမရှိနှင့် အခက်တွေ့နေခဲ့ရသည်။

ဖခင်ဖြစ်သူသည် ကြံရာမရတော့သည့် အဆုံး သားလေးကိုကျောပိုးကာ လုပ်ငန်းခွင်သို့ ခေါ်သွားခဲ့ပြီး ဘိလပ်မြေအိတ်များစွာကို လေးလေးပင်ပင် ထမ်းခဲ့ရသည်။

ထို့နောက် ဖခင်ဖြစ်သူသည် ပင်ပင်ပန်းပန်းလုပ်ထားရသည့် လုပ်အားခလေးကို သားလေးအတွက် နို့မှုန့်များဝယ်ကာ ဖျော်တိုက်ခဲ့ပြီး ဘဝကိုအရှုံးမပေးပဲ ရုန်းကန်ခဲ့ကြသည်။

Hlaing (Love Feeling)

Leave a Reply

Your email address will not be published. Required fields are marked *