ကိုဗစ် နဲ့ ပတ်သက်ပြီး ယခုအချိန်ထိပေါ့ဆနေတဲ့ သူတွေ ကို ဒေါက်တာခင်ခင်ကြီး ပြောပြီဗျာ

Posted on

လက်ရှိအခြေအနေမှာ ကမ္ဘာပေါ်မှာ စုစုပေါင်း ပိုးတွေ့လူနာ ၃၃ သန်းနီးပါး (သိန်း ၃၃၀) နဲ့ သေဆုံးသူ ဆယ်သိန်း ပြည့်တော့ မှာဖြစ်ပါတယ် သေဆုံးသူတစ်ယောက်ချင်းဆီမှာ မိသား စုတွေရှိ တဲ့အတွက် မိသားစုတွေအတွက်တော့ ၁၀၀ ရာနှုန်း ဆုံးရှုံးမှု ဖြစ်တာမို့ အတင့်မရဲကြပါ နဲ့..ခုလက်ရှိရင်ဆိုင်နေရတာက အဖျက် စွမ်းအားကြီးပြီး ရုပ်ပြော င်းရုပ် လွဲမြန်ဆန်လွ န်းလှ တဲ့အဏု ဇီဝပိုးငယ်လေးဖြစ်ပေမဲ့ လုံးဝ အထင် သေးလို့မရ လျှော့တွက်လို့မရတဲ့အခြေအနေမို့ မိမိတို့လူသားတွေအနေနဲ့ အမြန်ဆုံးအနိုင်ရရှိဖို့ ကမ္ဘာသူကမ္ဘာသားအားလုံးက အားကြိုး မာန်တက်ကြိုးစား တိုက်ထုတ်နေကြချိန်မှာ မကျန်ရစ်စေပဲ မြန်မာနိုင်ငံသူ/သား အားလုံးက အတူညီညွတ်စွာနဲ့ ပါဝင်ကြစို့လား..။ဒီအချိန်မှာ နီခြင်း စိမ်းခြင်း ဝါခြင်း ပြာခြင်းထက် မြေ ကီးေ အာက် မိမိအပါအဝင် မိမိမိသားစု မရောက်ဖို့ အထူးအရေးကြီးနေချိန် ဖြစ်ပါ တယ် သေမင်းက လက်တကမ်းမှာပါမပေါ့ဆကြပါနဲ့တော့ ။စာအရှည်ကြီးရေးဖို့လဲ မအားတာကြောင့် လိုတို ရှင်း ရေးလိုက်ပါတယ်.. ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဟာ နှိုင်းယှဉ် လိုက်ရင် အဆ ၉၀ ကွာပါတယ်. ဘယ်လိုကြောင့်ပါလိမ့်ဆို ရှင်းပါ့မယ် …ပထမလှိုင်းမှာ လူနာစတွေ့သည့် မတ်လ ၂၃ မှ လူနာ ၃၇၄ ယောက် ဖြစ်ဖို့ ၂၁ ပတ်ကြာပါတယ် တစ်ပတ်ကို ၁၆ ယောက်နှုန်းဖြစ်ပါတယ်..သို့သော် ဒု တိယလှိုင်းစတင်သည့် လူနာ ၃၇၅ မှ ၉၉၉၁ ဖြစ်ဖို့ ၆ ပတ်ပဲကြာပါတယ်

တစ်ပတ်ကို ၁,၆၀၃ ယောက် ပိုးတွေ့ပါတ ယ်။ဒါဆိုအဆ ၉၀ ကွာတာသိလောက်ပြီထင်ပါတယ်..ထို့နည်းတူပထမလှိုင်းမှာ သေသူ ၆ ယောက်ပဲရှိပေမဲ့ ဒုတိယလှိုင်းမှာ ယခုအချိန်အထိ သေသူ ၁၉၂ ယောက်ရှိပါတယ်.. သေသူစုစုပေါင်း ၁၉၈ ယောက်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ၆၀ အထက် ၁၃၇ ယောက်ရှိပြီး စုစုပေါင်း သေဆုံးသူ၏ ၆၉% ရှိနေတာကို တွေ့ရမှာပါ.. အမျိုးသားသေဆုံးမှုကအများဆုံးဖြစ်ပြီး ၁၂၈ဦးရှိကာ ၆၅% ရှိပါတယ်.. အမျိုးသမီးသေ ဆုံးမှုက ၇၀ဦးရှိပြီး ၃၅% ရှိပါတယ် ကျားမ သေဆုံးမှုအချိုး ၂:၁ ဖြစ်ပါတယ်..ဒီနေရာမှာ အသက် ၆၀ အထက်သေဆုံးသူတွေဟာ အပြင်ထွက်လို့ အုပ်စုဖွဲ့စားသောက်လို့ social gathering ဆောင်ရွက်လို့မဟုတ်ပဲ။

မိသားစုဝင်တွေဆီက ကူးစက်ခံရတာ ဖြစ်ကြောင်းလဲ ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်..။နဂိုထဲက အသက်ကြီးသူ နောက်ခံရောဂါရှိသူ ဟာ အန္တရာယ်ရှိကြောင်း US CDC ကတွေ့ရှိချ က်ကိုအ ကျ ယ်ရေးပြပြီးဖြစ်ပါတယ်..သေဆုံးရတဲ့အဓိက အကြောင်းရင်းမှာလည်း ဆေးရုံ အရောက်နောက်ကျတာ တချို့ဆို သေပြီးမှ အလောင်းအဖြစ်နဲ့ ဆေးရုံရော က်ရာကဓာတ်ခွဲ နမူ နာယူ ပြီးစစ်လို့သာ ပို့တွေ့မှန်းသိရတာ ဖြစ်ပါတယ်..ဒီနေရာမှာ သေသူအားလုံးဟာ အသက်ကြီးသူတွေ နောက်ခံရောဂါရှိသူတွေပဲ မဟုတ်ကြပါ ဘာမှရောဂါမရှိတဲ့ အသက်င ယ်သူတွေလဲ သေနေကြတာတွေ့နေရပါတယ် ဒီတော့ကာ ငါ့မှာ ဖြစ်ရင်တော့ သက်သက်သာသာလေးပဲ ဖြစ်မှာ ပဲလို့။

စုစည်းမှုတွေ အဖွဲ့လိုက်ဆောင်ရွက် မှုတွေ မလုပ်ဆောင် သင့်ပါဘူး စဉ်းစားပါ တွေးခေါ်ပါ ဦးနှောက်ပါတာ ဘာလုပ်ဖို့ထားတာလဲ တွေးခေါ် တတ်ပါစေ ကံကိုယုံ ဘာလို့ဆူးပုံနင်း မှာလဲလ က်ရှိအချိန်မှာ သင်တို့ကိုကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့မိဘတွေ သားသမီးတွေ ကို ပစ်ပြီး သင်တို့ အတွက် စောင့်ရှော က်မှုပေးနေတာဖြစ်ပါတ ယ်အန္တရာယ် ရှိတဲ့အေ နအထား တရပ်မှာ တချို့သူတွေ ရောဂါ ကူးစက်ခံနေရတာလဲ ရှိနေပါတယ် ဆရာဝန်/ဆရာမ ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်မှုများလာရင် သင်တို့ကို ဘယ်သူကကုသမှုပေး မှာပါလဲ..ဒါ့ကြောင့်

သင်တို့မိသားစုကို ချစ်တယ် တန်ဖိုးထားတယ် မြတ်နိုးတယ် မိသားစုတွေ အတူတကွ ပျော်ရွှင်စွာ နေလိုတယ်ဆိုရင်။ချမှတ်ထားတဲ့စည်းကမ်းတွေကို တသဝေမတိမ်း လိုက်နာပါ ဒါမှသာ ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်ပြီး ဖြစ်ပွားကူးစက်သေ ဆုံးမှုမှ အမြန်ဆုံး လျှော့ချနိုင်မှာပါ..လောကမှာကိုယ့်အသက်ထက်ဘာမှတန်ဖိုးမရှိပါ ကျန်းမာရေးကောင်းမွန်ဖို့က နံပါတ် ၁ အရေးအကြီး ဆုံးဖြစ်ပါတယ် ကျန်းမာရေးကောင်းမွန်မှသာ မိမိဆန္ဒရှိတဲ့အတိုင်း အရာရာအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ဒါဟာနှလုံးသားနဲ့ရေးတဲ့စာဖြစ်ပါတယ်..‌

ဒေါက်တာခင်ခင်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *