ရန်ကုန် အတွက်ပဲ အဓိက မှာယူထားတဲ့ ကိုဗစ်အမြန်စစ် ကိရိယာတွေနဲ့ ဦးစားပေး စစ်ပေးမည့်သူများ

Posted on

တောင်ကိုရီးယားနိုင်ငံက မှာယူထားသည့် ကိုဗစ် ရောဂါပိုး ရှိ ၊ မရှိ လျှင်မြန်စွာစစ်ဆေးပေးနိုင်မည့် Test Kit (စမ်းသပ်ကိရိယာအစုံ)များသည် ရန်ကုန်တိုင်းဒေသကြီးအတွက် အဓိကမှာ ယူ ထာြး ခင်းဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ “လောလောဆယ် ရန်ကုန်တိုင်းအတွက်ပဲ လျာထားသေး တ ယ်ခ င်ဗျ။ ရန်ကုန်တိုင်း အတွက်ပဲ လတ်တလော အစီအစဉ်ရှိပါသေးတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်ဒေသကြီးတွေကို တိုးချဲ့ဖို့ အစီအစဉ်ရှိရင် ကျွန်တော်တို့ ထပ်မံပြီးပြောကြားမှာ ဖြစ်ပါတ ယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

A medical worker in protective suit collects a swab sample from a woman for nucleic acid testing following two imported coronavirus disease (COVID-19) infections from neighbouring Myanmar, at a hotel in the border city of Ruili, Dehong prefecture, Yunnan province, China September 15, 2020. Picture taken September 15, 2020. cnsphoto via REUTERS

၎င်း Test kit များ ကို တောင်ကို ရီးယားနိုင်ငံ မှ အခုရေ နှစ်သိန်းမှာယူထားပြီး စက်တင်ဘာ ၂၇ ရက်တွင် အခုရေ ခြောက်သောင်း၊ စက်တင်ဘာ ၂၈ရက်နေ့တွင် အခုရေ တစ်သိ န်းလေးသောင်းထပ်မံရောက် ရှိခဲ့ကြောင်းနှင့် ယနေ့(စက်တင်ဘာ ၂၉ရက်)တွင် တောင်ကိုရီးယားအစိုးရက လှူဒါန်းသည့် Test kit ငါးထောင် ထပ်မံရောက်ရှိမည်ဖြစ်ပါတယ်။ Test Kit များ အား ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ရှိသည့် ဆေးရုံများတွင် ဦးစွာလုပ်ဆောင်မည်ဖြစ်ပြီး မြို့နယ်အဆင့် ဆေးရုံများတွင် ဒုတိယအဆင့်အနေနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။. ရန်ကုန် တိုင်းဒေသကြီးတွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၊ ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံသစ်ကြီး၊ ရန်ကုန်အ နောက်ပို င်းဆေးရုံ၊ မြောက်ဥက္က လာပ၊အင်းစိန်၊ လှိုင်သာယာ၊ သန်လျင် နှင့် သ င်္ဃန်း ကျွန်း စသည့် ဆေးရြုံ ကီးကိုးခု၌ ယနေ့(စက်တင်ဘာ ၂၉ရက်)တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။

“ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီး (၉) ရုံပေါ့နော်။ ဒီနေ့စပြီး တော့ ခွဲတမ်း ရှိတယ်ဗျ သူက။ ရာရှင်(Ration) အလိုက် စစ်ဆေးပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့က စစ်ဆေးတဲ့အခါမှာ ဒီ Target အုပ်စုတွေကို အရင်ဆုံးစစ်ဆေး မှာဖြစ်ပါတယ်။ Target အုပ်စုမှာပါတာတော့ နံပါတ်တစ်က ကျန်းမာရေးဝန်ထမ်းအုပ်စုတွေ ဖြစ်ပါတယ်။ အနီးကပ်ဆုံးထိတွေ့နေရတဲ့ ပုဂ္ဂိုလ်ေ တွဗပါ့နော်။ သူတို့မှာ ပိုးမရှိတော့မှ သူတို့မိသားစုတွေလည်း မရှိမှ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှာဖြစ်တယ်ပေါ့နော်။ နံပါတ် နှစ်ကတော့ PUI လို့ခေါ်တဲ့ စောင့် ကြ ည့်လူနာတွေပေါ့။

ဒီလူနာတွေကလည်း မြန်မြန်စစ်နိုင်လေလေ သူတို့အတွက်က ကောင်းလေလေပေါ့။ တတိယမြောက်ကတော့ အနီးကပ်ဆုံးထိတွေ့ထားတဲ့ သူအုပ်စုပေါ့နော်။ အဲ့တော့ ဒီအုပ်စုတွေကို စစ်ေ ဆးပြီး တော့ ရရှိလာတဲ့အဖြေပေါ်မှာမူတည်ပြီးတော့ ထပ်မံပြီး ဒီထက်ကျယ်ပြန့်တဲ့စစ်ဆေးမှုတွေကိုလည်း အဆင့် လိုက်အပိုင်းလိုက်ပေါ့နော် ။ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ ဗဟိုေ က်ာမတီရဲ့ လမ်းညွှန်မှုအတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ ၎င်း Test Kit များသည် ရောဂါပိုးရှိ၊မရှိ မြန်မြန်စစ်ဆေးနိုင်သည့် အတွက် ပိုးရှိသူ ပိုမိုများပြားစွာတွေ့ လာမည်ဟု နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။ စက်တင်ဘာ ၂၉ရက်နေ့ အာဆီယံနိုင်ငံများ၏ ကိုဗစ် ရောဂါ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ယခင်နံပါတ် ငါးနေရာသို့ ရောက်ရှိနေရာမှ ယခုတွင် နံပါတ် လေး နေရာသို့ ရောက်ရှိနေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *